
1
လူတစ်ယောက်ကို နှုတ်ဆက်လျက် မိမိကိုမိမိ မိတ်ဆက်ပေးပါ။

2
သင်နှင့် တနည်းနည်းဖြင့် ဆက်စပ်လာမည့် သူအား လက်ဆောင် ပေးစဉ် နှုတ်ဆက်ခြင်း/ရှင်းပြခြင်း နမူနာ ရိုးရိုးလေးကို ပေးပါ။

3
သင် ဝယ်ယူလိုသော ပစ္စည်းများအား မည်သည့် နေရာတွင် ရောင်းချကြောင်း မေးမြန်းခြင်း နှင့် ရိုးရှင်းသော ဈေးဝယ်ထွက်မှုအား ဆောင်ရွက်ခြင်း။

4
ဖုန်းနံပါတ်ကို ရယူရန် စုံစမ်းရေး ဌာနများကို ဆက်သွယ် မေးမြန်းခြင်း။ ဌာနတစ်ခု ဖွင့်ချိန် နှင့် ပိတ်ချိန်များကို စုံစမ်းခြင်း။

5
ဘတ်စ်ကား သို့မဟုတ် ရထားလို အများပြည်သူ ပို့ဆောင်ရေးကို အသုံးချလျက် သွားလိုရာကို အရောက် သွားခြင်း။

6
ညစာ ထွက်စားရန်၊ ချယ်ရီပန်း ပွင့်မှု ကြည့်ရှုရန် စသည့် ဖိတ်ကြားချက်ကို လက်ခံခြင်း။

7
အိမ်ကို သွားလည်စဉ် လူများကို နှုတ်ဆက်ခြင်း။ ချီးကျူးခြင်း နှင့် စကားစမြည်ပြောဆိုရန် အကြောင်းအရာ ခေါင်းစဉ်များ ဖန်တီးခြင်း။

8
အိမ်ကို သွားလည်စဉ် လူများအား သူတို့ ဘဝ အကြောင်း မေးမြန်းခြင်း၊ ကမ်းလှမ်းသည့် အစားအစာကို ယဉ်ကျေးစွာ ငြင်းပယ်ခြင်း၊ နှင့် ထွက်ခွာစဉ် သင့်လျော်သည့် နှုတ်ဆက်စကားများ ပြောဆိုခြင်း။

9
ဖိတ်ကြားချက်များကို ပယ်ချလျက် အကြောင်းရင်းကို ရှင်းပြခြင်း။

10
သင် လည်ပတ်ချင်သည့် နေရာများ အကြောင်းကို မေးမြန်းခြင်း။ သင် လိုချင်သောအရာ မည်သည့်နေရာတွင် ရှိကြောင်း မေးမြန်းခြင်း။

11
စာတိုက်မှတစ်ဆင့် စာများ၊ ပါဆယ်ထုပ်များ စသဖြင့် ပို့ခြင်း။

12
အိမ်ပြန် ရောက်ချိန်မှာ နှုတ်ဆက်ခြင်း။ အတွေ့အကြုံ သို့မဟုတ် ဖြစ်ရပ် တစ်ခုအကြောင်း သင်၏ ခံစားချက်ကို ထုတ်ဖေါ်ပြောခြင်း။

13
စားသောက်ဆိုင်မှာ အစားအစာကို မှာယူခြင်း နှင့် ၎င်းအတွက် သီးခြား ငွေပေးချေခြင်း။

14
အငှါးယာဉ် မှာယူခြင်း နှင့် သွားလိုရာကို ရောက်ရှိရန် ယာဉ်မောင်းအား လွယ်ကူစွာ လမ်းညွှန်ပေးခြင်း။

15
သင့် မိသားစု နှင့် သင့် အလုပ်အကြောင်း ပြောဆိုခြင်း။

16
တစ်ခုခု အသုံးပြုပုံ လွယ်ကူသည့် ညွှန်ကြားချက်များကို နားလည်ခြင်း။

17
ဆရာဝန်အား သင်၏ နေမကောင်းမှု လက္ခဏာများကို ပြောပြလျက် ၎င်း၏ လွယ်ကူသည့် ညွှန်ကြားချက်များကို နားလည်ခြင်း။

18
သင်၏ ဝါသနာများ နှင့် နှစ်ခြိုက်သည့်များ အကြောင်း ပြောဆိုခြင်း။

19
အတိတ် အတွေ့အကြုံများကို လွယ်ကူစွာ ပြောပြခြင်း။

20
ရင်းနှီးသော မိတ်ဆွေများအကြား အသုံးပြုသည့် ပုံမှန် အသုံးအနှုန်းများအား နားလည်အောင်ဆောင်ရွက်ခြင်း။ ထို့ပြင် ၎င်းတို့နှင့်အတူ ရိုးရှင်းသော စကားစမြည်ပြောဆိုမှု ဆောင်ရွက်ခြင်း။

21
နေ့စဉ်ဘ၀ အခြေအနေများထဲတွင် ကိုယ်ရေး ကိစ္စများ ဆိုင်ရာ ခံစားချက်များ နှင့် ထင်မြင်ချက်များကို ထုတ်ဖေါ်ပြောခြင်း။

22
အိမ်ခြံမြေ အကျိုးဆောင်တစ်ခု၌ အိမ်ရာများနှင့်ပတ်သက်၍ သင် အလိုရှိသော အချက်အလက်များအား ရယူခြင်း။

23
လမ်းပေါ်က သာမန် ညွှန်ကြာချက်များကို နားလည်ခြင်း။ စာကြည့်တိုက်လို အများပြည်သူဆိုင်ရာ နေရာများဆိုင်ရာ စည်းကမ်းများ နှင့် လုပ်ရိုးလုပ်စဉ်များကို နားလည်ခြင်း။

24
နေ့စဉ်ဘဝထဲတွင် လူများအား သင်က ကျေးဇူးတင်ကြောင်း နှင့် တန်ဖိုးထားကြောင်း ထုတ်ဖေါ်ပြောခြင်း။

25
သင့်အား စောင့်ရှောက်ပေးခဲ့ကြသူတို့အား သင်က ကျေးဇူးတင်ကြောင်း နှင့် ခံစားချက်များ အကြောင်း ထုတ်ဖေါ်ပြောခြင်း။